စက်တင်ဘာ ၁
ယူကေ United Kingdom နိုင်ငံသို့ မဟာဗျူဟာမြောက် နျူကလီးယား သယ်ဆောင်နိုင် သည့် F-35A အမျိုးအစား ဂျက်လေယာဉ်များ ဖြန့်ကျက်နေရာယူထား နိုင်ရန် အမေရိကန်နိုင်ငံ က ယခုဆောင်းရာသီ တွင် အမေရိကန်သည် စွမ်းဆောင် ရည်မြင့် မားပြီးပဉ္စမမျိုးဆက် ဖြစ်သည့် F-35A တိုက်လေယာဉ်နှစ်စီးအား Suffolk ရှိ UK ၏ Lakenheath စစ် အခြေစိုက်စခန်းသို့ လွှဲပြောင်း ပေးသွားမည် လည်းဖြစ်ပါတယ်။
ကာကွယ်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်များအရ “F-35s အမျိုးအစား တွေ UK နိုင်ငံမှာ အခြေစိုက်လိမ့်မယ်။ သူတို့က ၂၀၂၄ မှာမဟုတ်ရင် ဒီနှစ်ကုန်မှာ ပြောင်းရွှေ့ ပေးသွားမယ်။” လို့ စစ်ဘက်သတင်း ရင်းမြစ်များက ဖော်ပြပြောဆိုထားကြပါတယ်။
အင်အားပြင်း နျူလက်နက်များ သယ်ဆောင်နိုင်သော အမေရိကန် တိုက် လေယာဉ်သစ်များသည် ယခုနှစ်တွင် ဗြိတိန်၌ အခြေစိုက်သွားမည်ဖြစ်ပြီး F-35 တိုက်ခိုက်ရေး လေယာဥ် တပ်ခွဲနှစ်ခု တပ်ဖြန့်ထားပြီး ဖြစ်သည့်အတိုင်း Suffolk ရှိ US ငှားထားသော RAF Lakenheath စစ်စခန်း သို့ မကြာမီ ရောက်ရှိလိမ့်မည်လို့ သတင်းဌာနများက ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်နေ့က ဖော်ပြပြော ဆိုထားကြပါတယ်။
ရေဒါ ကိုယ်ပျောက်ဂျက်လေယာဉ်များသည် နည်းဗျူဟာမြောက်နျူကလီးယားဗုံးကြဲချခြင်းကို လုပ်ဆောင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ဝေဟင်မှ ဝေဟင်ပစ်မစ်ရှင်များနှင့် ထောက်လှမ်း ရေးများစုဝေးခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။
အမေရိကန်နိုင်ငံ ၏ နျူကလီးယား လက်နက်များ သည် ဗြိတိန်မြေသို့ ပြန်လည် ရောက်ရှိနိုင်ကြောင်း တရားဝင်စာ ရွက်စာတမ်း များ ကို ကိုးကား အကြံပြုပြီးနောက် ယခုလို သတင်းများ ထွက်ပေါ်လာ ခြင်းလည်း ဖြစ်ပါတယ်။