တာဝန်သိပြည်သူများ ၏ သတင်းပေးပို့မှုအရ ခင်ဦးမြို့နယ်၊လောင်းရှည်ကျေးရွာ စာသင်ကျောင်းအတွင်း PDF အကြမ်းဖက်များက သိုဝှက်ထားရှိသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၁

      ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊လောင်းရှည်ကျေးရွာအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ ၏ သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးအဖွဲ့များသည် နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

    ထိုသို့ နယ်မြေရှင်းလင်းရာ အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ PDF အကြမ်းဖက်များက သိုဝှက်ထားရှိသော လက်လုပ်သေနတ် ၁၆ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၄ လုံး၊ ယမ်းမဲ(၁၀ပိဿာခန့်) ၁ ထုပ်၊ ယမ်းကြိုး ၁ ခွေ၊ ပြောက်ကျားဦးထုပ် ၃ လုံးတို့ကို  သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

        ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာနေလိုပြီး အကြမ်းဖက် PDF များ၏ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ လူသတ်အကြမ်းဖက်ခြင်း၊ ဗုံးခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအပေါ်မလိုလားတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြကြောင်း သိရပါ သည်။

#PAN