“တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံ အနေဖြင့် ထိုင်ဝမ်နိုင်ငံအား စစ်လက်နက် အသုံးစရိတ်များ ထောက်ပံ့ ပေးပို့နေခြင်းသည် တရုတ်၏ တစ်ပြည် တည်းဟူသော မူဝါဒများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ပြီး တရုတ်လူမျိုးတို့၏ ဆုံးဖြတ်ချက် ဖြေရှင်းနိုင်စွမ်း နှင့် စွမ်းဆောင် ရည်တို့ကို လျှော့မတွက်သင့်ကြောင်း သတိပေး ပြောကြားခဲ့”

စက်တင်ဘာ ၁

အမေရိကန်နိုင်ငံ သည် တရုတ် နိုင်ငံ၏ တစ်နိုင်ငံတည်းဟူသောမူကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း နှင့် ထိုင်ဝမ်နိုင်ငံကို စစ်ရေးအကူအညီ ပေးအပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို “တရုတ်တစ်ပြည်တည်းဟူသော မူဝါဒ” ကို ပြင်းထန်စွာ ချိုးဖောက်နေမှုအဖြစ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တရုတ်နိုင်ငံ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ နိုင်ငံခြား စစ်ငွေကြေးထောက်ပံ့မှုအောက်တွင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသအား လက်နက်များပေးအပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်သည် တရုတ်-အမေရိကန် ပူးတွဲသုံးရပ်ပါ ပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်နေတာလည်းဖြစ်ပါတယ်။

ဤလုပ်ရပ်များသည် နိုင်ငံတကာဆက်ဆံရေးကို ထိန်းချုပ်သည့် နိုင်ငံတကာဥပဒေနှင့် အခြေခံစံနှုန်းများကို အမေရိကန်နိုင်ငံက ပြင်းထန်စွာချိုးဖောက်နေပြီး၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားများကို ထိခိုက်စေကာ ထိုင်ဝမ်နိုင်ငံ ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေပြီး ထိုင်ဝမ်နိုင်ငံ ခွဲထွက်ရေးသမားများကို ဆိုးရွားစွာ မှားယွင်းသော အချက်ပြမှုများ ပေးပို့လျက် ရှိနေကြောင်း တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာ ရှိပြီး ထိုင်ဝမ်သည် တရုတ်ပိုင်နက်၏ ခွဲမထွက်နိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ပြောကြားခဲ့ပါတယ်။

ထို့နောက် သတင်းထောက်များက ထိုင်ဝမ်မေးခွန်းများ နှင့် ပတ်သတ်ပြီး မေးမြန်းမှုတွင် “ပြည်ပကဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ တရုတ်၏ပြည်တွင်းရေးကိစ္စဖြစ်ပါတယ်။ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးခုပါ ပြဋ္ဌာန်းချက်များကို သေချာစွာ လိုက်နာရန် အမေရိကန်အား ကျနောတို့တိုက်တွန်းပါတယ် စစ်ရေးဆိုင်ရာ အဆက်အသွယ် တိုးမြှင့်ခြင်း တိုင်ပေဒေသနှင့် အဆက်အသွယ် တိုးမြှင့်ခြင်းအား ရပ်တန့်ရန် သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် သို့မဟုတ် အကြောင်းအကြောင်းကြောင့်ဖြစ်စေ တိုးမြှင့်နိုင်သော အကြောင်းရင်းများ ဖန်တီးခြင်းကို ရပ်ပါ ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ၊ ခွဲထွက်ရေးသမားများ ကို အင်အားသုံး၍ ခွဲထွက်ရေးကြိုးပမ်းမှုကို ထောက်ခံနေခြင်းကို ရပ်လိုက်ပါ။ ကျနော်တို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရာတွင် တရုတ်လူမျိုးများ၏ ဆုံးဖြတ်ချက်၊ ဖြေရှင်းနိုင်စွမ်းနှင့် စွမ်းရည်တို့ကို အမေရိကန် အနေဖြင့် လျှော့မတွက်သင့်ပါဘူး”လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အထက်ပါပြောကြားချက်များကို ၎င်း၏ပုံမှန်သတင်းစာရှင်းလင်းပွဲဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြော ကြားခဲ့တာ ဖြစ်ပါတယ်။