မန်ယူဂိုးသမား ဒင်းဟန်ဒါဆန်ကို ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

Photos: Crystal Palace FC

စက်တင်ဘာ ၁
ခရစ္စတယ် ပဲလေ့စ်က မန်ယူအသင်းရဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီဂိုးသမား အတွက်ကို ခရစ္စတယ်ပဲလေ့စ် အသင်း အနေနဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း (ထပ်တိုး ပေါင် ၅ သန်း)နဲ့ ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။
ဟန်ဒါဆန်က ခရစ္စတယ် ပဲလေ့စ်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး အသင်းရဲ့ နံပါတ်၁ ဂိုးသမား ဖြစ်လာမယ်လို့လည်း သိရပါတယ်။