သြဂုတ် ၃၀
ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဘုရားတောင်ကျေးရွာအနီးတွင် လူသတ်အကြမ်းဖက် PDF များခိုအောင်းနေကြောင်း အေးချမ်းစွာနေလိုသော တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များ သည် အဆိုပါနေရာကို သွားရောက်နယ်မြေရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ် ၆၀ မမဗုံးသီး ၉ လုံး၊ လက်လုပ် ၄၀ မမဗုံးသီး ၁၇ လုံး၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ လက်မောင်းလက်ပတ် ၅ ခု၊ ခရာကြိုး ၂ ချောင်း၊ ပြောက်ကျားဦးထုပ် ၂ လုံး၊၁၅ယောက်အိပ်တဲ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေလိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ လူသတ်အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြပြီး ၎င်းတို့ လှုပ်ရှားမှုသတင်းများကို ယခုလို နီးစပ်ရာ နယ်မြေလုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက် သတင်းပေးပို့လာကြကြောင်းသိရပါ သည်။
#PAN