ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ယမန်နေ့ နေ့လည်၁၂ နာရီချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များက ဒရုန်းဖြင့် ဗုံး၂ လုံးချခဲ့ကြောင်း သိရပါသည်။
အကြမ်းဖက်သမားများ၏ ဒရုန်းမှပစ်ချလိုက်သော ဗုံး၂ လုံးမှာ ရုံး၏ခေါင်မိုးပေါ်သို့ ကျရောက်ခဲ့ပေါက်ခဲ့တာကြောင့် ခေါင်မိုးအချို့ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါ PDF အကြမ်းဖက်အဖွဲ့များမှာ တစ်ဖွဲ့ဖြစ်သည့် မိုးကြိုးမုန့်တိုင်းPDF အဖွဲ့သည် ယင်းမြို့နယ်တွင် အခြေစိုက်စိုက်လှုပ်ရှားနေသော အဖွဲဲ့တစ်ဖွဲ့ဖြစ်ပြီး ယခင်က ရွှေဘိုခရိုင် PDF အဖွဲ့ကို ထောက်ပံ့နေသည့် NLD အမာခံ ဆန်စက်ပိုင်ရှင် ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ပစ္စည်းများလုယူခဲ့ကြောင်းနှင့်လည်းကောင်း PDF အဖွဲ့၏ အဖွဲ့ဝင် ၁၇ ဦးအား ရွှေဘိုမြို့နယ်နှင့်ခရိုင်အဆင့်ရှိ PDFအဖွဲ့များက အင်အားသုံးဖမ်းဆီးကာ လက်စဖျောက်သတ်ဖြတ်ခဲ့ကြောင်း လွန်ခဲ့သည့်လများအတွင်းက သတင်းများထွက်ပေါ်ခဲ့သည်။
#PAN