ကလေးဝမြို့နယ်၊ မော်လိုက် – ကလေးဝသွား ကားလမ်းပေါ်ရှိ တံတား ၂ စင်းကို အကြမ်းဖက်သောင်း ကျန်းသူ PDF များက ဖောက်ခွဲဖျက်ဆီး၊ဒေသခံပြည်သူများအနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်လာမည်ကို စိုးရိမ်ပူပန်နေ

သြဂုတ် ၃၀

      ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မော်လိုက် – ကလေးဝသွား ကားလမ်းပေါ်ရှိ ရွာသာကျေးရွာနှင့် နန်းဇလိန်ကျေးရွာကြားရှိ တံတား ၁ စင်း၊ နန်းဇလိန်ကျေးရွာနှင့် မန်ဖာကျေးရွာကြားရှိတံတား ၁ စင်း၊ စုစုပေါင်း တံတား ၂ စင်းတို့ကို  အကြမ်းဖက်သမား PDF များက မိုင်းခွဲဖျက်ဆီးခဲ့ပြီး Backhole ယာဉ်များဖြင့် ထပ်မံဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ လူသတ်အကြမ်းဖက် PDF များ သည် မော်လိုက်မြို့အား ကားလမ်း၊ ရေကြောင်းလမ်းများကို ဖြတ်တောက်ရန် ရည်ရွယ်၍ ယခုလို တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းသိရပါသည်။

     ထိုသို့ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် မော်လိုက်မြို့နယ်အတွင်း ဒေသခံပြည်သူများအနေဖြင့် စားကုန်၊သုံးကုန်ပြတ်လပ်ပြီး ကုန်စျေးနှုန်းကြီးမြင့်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သတင်းရရှိပါသည်။

#PAN