မြင်းခြံမြို့နယ်မှ စစ်မှုထမ်းဟောင်း တစ်ဦးအား အကြမ်းဖက် PDFများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၃၀

မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာနေ အမျိုးသားတစ်ဦး ယနေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် PDF အကြမ်းဖက်များမှ သေနတ်ဖြင့်ပစ်ခခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ဉီးထွန်းထွန်း ၊ ၃၃နှစ်၊(ဘ)ဉီးဖိုးအောင်သည် ၎င်း၏နေအိမ်၌ တစ်ဉီးတည်းရှိနေစဉ်အကြမ်းဖက်သမား ၄ ဉီးမှ ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာကာ နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ပြီး သစ်ရုံကျေးရွာ ၏ အရှေ့ဘက် ထိန်ပန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

PDF များ၏ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်း၏ ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ပြီး နောက်ကျော ကျည်ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ ဉီးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ပြီး ယာဘက်မျက်လုံး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၄ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဉီးထွန်းထွန်းသည် တပ်မတော်မှ ဆေးဘုတ်ဖြင့် အငြိမ်းစားယူခဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သစ်ရုံကျေးရွာတွင်နေထိုင်ကြောင်းသိရသည်။

ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာနယ်မြေခံ လုံခြုံရေးအဖွဲ့တာဝန်ရှိသူများမှ လိုက်လံစုံစမ်း စစ်ဆေးလျှက်ရှိပြီး အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။