ပရိသတ်တွေက ရွေးချယ်တဲ့ PFA Fans Player of the Year ဆုကိုရရှိသွားတဲ့ ရပ်ရှ်ဖို့ဒ်

Photos: Twitter

ဩဂုတ် ၃၀
Professional Footballers’ Association(PFA)ကနေ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ဒ်က PFA Fans’ Player of the Year ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ မားကပ် ရပ်ရှ်ဖို့ဒ်က ဟာလန်း ၊ ဆာကာတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကိုချီးမြှင့်ခဲ့ရာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးတိုက်စစ်မှူး ဟော်လန်း၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို အာဆင်နယ်တောင်ပံကစားသမား ဆာကာ၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို အက်စတွန်ဗီလာတိုက်စစ်မှူး ရေချယ်လ်ဒါလီနှင့် အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆုကို ချယ်လ်ဆီးတောင်ပံကစားသမား လော်ရန်ဂျိမ်းစ်၊ PFA Championship Fans’ Player of the Year ဆုကို ဆန်းဒါးလန်းအသင်းကစားသမား အာမတ် ဒီရယ်လိုတို့က ရရှိခဲ့ကြောင်း သိရပါတယ်။