စဉ့်ကူးမြို့နယ်၊ညောင်ဝန်းကျေးရွာမှ NLD အမာခံ တစ်ဦးအား အကြမ်းဖက် PDF များက အချင်းချင်း ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၃၀

ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် စဉ့်ကူးမြို့နယ်၊ညောင်ဝန်းကျေးရွာအုပ်စု၊ညောင်ဝန်းကျေးရွာနေ ကိုမျိုးငြိမ်းဇော်(ခ)ပေတလူ၊၃၆နှစ်၊(ဘ)ဉီးဝင်း၊တောင်သူလုပ်ငန်းလုပ်ကိုင်သူ သည် ၄င် ရွာနေ ဉီးရာဇာ၊၄၃နှစ်၊(ဘ)ဉီးသန်းဝင်း ရောင်းချသည့် စက်သုံးဆီဆိုင်၌ ဆိုင်ကယ်ဆီထည့်နေစဉ် အကြမ်းဖက် PDF ၂ဉီး၊ဆိုင်ကယ် ၁စီးဖြင့် မြောက်ဘက်မှ ရောက်ရှိလာကာ သေနတ်ဖြင့် ၄ချက်ခန့် ပစ်ခတ်၍ ရွှေပြည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် ကိုမျိုးငြိမ်းဇော်မှာ နောက်စေ့ ကျည်ဖောက်ဝင် ပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဆီဆိုင်ပိုင်ရှင် ဉီးရာဇာတွင် ဝဲ-ခြေမ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ အခင်းဖြစ်နေရာအနီးမှ LUGER ကျည်ခွံ ၁ခု၊ KA ကျည်ခွံ ၃ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုမျိုးငြိမ်းဇော်မှာ NLD အမာခံတစ်ဉီးဖြစ်ကာ တစ်ချိန်က NLD လှုပ်ရှားမှုများတွင် ဉီးဆောင်ပါဝင်ခဲ့သူတစ်ဉီးဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားနေကြောင်း သတင်းရရှိပါသည်။

#PAN