ဝက်စ်ဟမ်းက အေဂျက်စ် တောင်ပံကစားသမားကို ခေါ်ယူ

Photos: West Ham

ဩဂုတ် ၂၉
ဝက်စ်ဟမ်းအသင်းဟာ အေဂျက်စ်အသင်းမှ ဂါနာကွင်းလယ်တိုက်စစ်နှင့် တောင်ပံကစားသမား မိုဟာမက်ကူဒူးစ်အား ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅.၁ သန်းနှင့် Add-ons ကြေး ယူရို ၃ သန်းဖြစ်ပြီး ကျောနံပါတ် ၁၄ ဝတ်ဆင်ကစားသွားမှာလဲဖြစ်ပါတယ်။