ရပ်စောက်မြို့နယ်၊ အင်တောမြို့တွင် တာဝန်သိ ပြည်သူများ၏ လျှို့ဝှက်သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF တစ်ဦးနှင့်အတူ လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိ

သြဂုတ် ၂၉

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၆)ရပ်ကွက်တွင် လူသတ်အကြမ်းဖက် PDF များ၏ လက်နက်/ခဲယမ်းများ သိုဝှက်ထားကြောင်း အေးချမ်းတည် ငြိမ်စွာ နေထိုင်လိုသော တာဝန်သိ ပြည်သူများ၏ လျှို့ဝှက် သတင်းပေးချက်အရ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များက အဆိုပါရပ်ကွက်ရှိ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

        ထိုသို့ ဝင်ရောက်ရှာဖွေရာမှ အကြမ်းဖက် တရား ခံတစ်ဦးနှင့်အတူ ၎င်း နေအိမ်နောက်ဖေး ခြံစည်း ရိုးအနီးရှိ မြေကြီးအတွင်းမြှုပ်နှံ ထားသည့် သံသေတ္တာ ၁ လုံးအတွင်းမှ M-22  ၁၀ လက်၊ M-22ကျည်အိမ် ၂၀ ခု၊ M-22 ကျည် ၄၀၀ တောင့်၊ အီကွေ့ မင့် ၃ စုံ၊ ၇.၆၂ စက်လတ်ကျည် ၃၄ တောင့်၊ AK ကျည် ၄၅၀ တောင့်၊ AK သံကျည် ဘောက် ၄ ခု၊ သံပိုက်/ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့်  ပြုလုပ်ထားသည့်  မိုင်းအကြီး ၄၆၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံနှင့်ပတ်သက်သည့်အချက်အလက်များကို မထုတ်ပြန်သေးကြောင်း သတင်းရပါသည်။

        အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူအများက မလိုလား မထောက်ခံတော့သဖြင့် ၎င်းတို့၏ လှုပ် ရှားမှုများကို နီးစပ်ရာလုံခြုံရေးအဖွဲ့များကို လျှို့ ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN