“မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်က ၎င်းတို့နိုင်ငံ၏ ရေတပ်နေ့အခမ်းအနားနေ့တွင် စစ်ပွဲများအတွက် တိုက်ခိုက်ရေး ပုံစံများကို သတိရှိစွာ အသင့်ပြင်ထားကြရန် ​ပြောကြားခဲ့”

သြဂုတ် ၂၉

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံ၏ ၎င်းတို့နိုင်ငံအပေါ် မဆင်မခြင် လုပ်ဆောင်နေမှုများသည် ကိုရီးယားကျွန်းဆွယ်တွင် ‘နျူကလီးယားစစ်ပွဲ’ အန္တရာယ်ကို တိုးစေနိုင်တယ် လို့ပြောကြား လိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်နေတယ်လို့ မြောက်ကိုရီးယား ကပြောဆိုထားပြီး အမေရိကန်၏ ၏ မဆင်မခြင် ထိပ်တိုက်ရင် ဆိုင်မှုများကြောင့် ဖြစ်လာနိုင် တယ်လို့ ဆိုထားတာဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ၎င်းတို့နိုင်ငံ ယနေ့ကျရောက်သည့် မြောက်ကိုရီးယား ရေတပ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည့် မိန့်ခွန်းကို ကိုးကားပြီး မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)သတင်းဌာန မှ ပြောကြားခဲ့ တာဖြစ်ပါတယ်။

“အမေရိကန်နှင့် အခြားရန်လိုသည့် အင်အားစုများ၏ မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ရှိ ရေပြင်သည် ကမ္ဘာ့အကြီးဆုံး စစ်ပွဲ၏ အဓိက အာရုံစူး စိုက်မှုနေရာအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး နျူကလီးယားစစ်ပွဲ၏ အန္တရာယ်အရှိဆုံး နေရာများဖြစ်လာနိုင်တယ်” လို့ မြောက်ကိုရီယား ခေါင်းဆောင်က ပြောကြား ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မိန့်ခွန်းတွင် ကင်မ်က မြောက်ကိုရီးယား နိုင်ငံ သည် ၎င်း၏ရေတပ်အား “တိုက်ခိုက်ရေးများအတွက် သတိရှိမှုပုံစံဖြင့် ထိန်းသိမ်းထားရန်” လိုအပ်ကြောင်း ပြောဆိုထားပြီး ၎င်းတို့နိုင်ငံ ၏လက်နက်များနှင့် ကိရိယာများကို ခေတ်မီအောင် “ပိုမိုပြင်းထန်စွာ” ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

“မြောက်ကိုရီးယားနိုင်ငံ ရေတပ်သည် ၎င်းတို့နိုင်ငံ၏ ဗျူဟာမြောက် တာဝန်များ ကိုထမ်းဆောင်နေသောနိုင်ငံတော်၏နျူကလီးယားတိုက်ပွဲ တားဆီးနိုင်ရေး အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်လို့ နိုင်ငံခေါင်းဆောင်က အလေးပေးပြောကြားခဲ့တယ်” လို့ မြောက်ကိုရီးယားအား ၎င်းတို့နိုင်ငံ၏ တရားဝင်အမည်ဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကိုရည်ညွှန်းပြီး KCNA ကဖော်ပြပြောဆိုခဲ့ပါတယ်။