မန္တလေး-မိုးကုတ်ကားလမ်းတွင် အကြမ်းဖက် PDF များထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

သြဂုတ် ၂၉ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာနှင့် တရော်ပင်ကျေးရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၄၉/၆ အနီးတွင် အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မိုးကုတ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် AD Van အဖြူရောင်ပေါ်တွင်လိုက်ပါလာသည့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PDF များထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှုကြောင့် AD Van အဖြူရောင်၏ ယာဉ်မောင် ဦးထွန်းမြင့်သိန်း၊ ၆၀နှစ်၊ (ဘ)ဦးဖိုးဆိတ်၊ နတ်တောင်ကျေးရွာ၊ စဉ့်ကူမြို့နယ်နေသူမှာ ဝဲပေါင်ရင်းမိုင်းစ ဖောက်ဝင်ဒဏ်ရာ၊ ယာလက်မိုင်းစ ထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် လိုက်ပါလာကြသော ဦးငြိမ်းချမ်းအောင်(ကိုယ်ရေး စိစစ်ဆဲ)တွင် ဝဲနားနောက် မိုင်းစဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)၊ မယုယု၊ ၂၁နှစ်၊ (ဘ)ဦးလူလွှမ်းဖျင်၊ ပိတ်ဆွယ်ရပ်ကွက်၊ မိုးကုတ်မြို့နေသူတွင် ဝဲ/ယာပေါင်နှင့် ယာဖနောင့် မိုင်းစရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မအာဆာမိ၊ ၂၅ နှစ်၊ (ဘ)ဦးပေါက်ချန်းလင်း၊ ဟန်လင်းကျေးရွာ၊ မိုးကုတ်မြို့နယ် နေသူတွင် ယာခြေ/လက် မိုင်းစရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ပြီး စဉ့်ကူးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသထားရှိကြောင်း သိရသည်။

ယင်းပေါက်ကွဲမှု့နှင့်ပါတ်သက်၍ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့မှလိုက်လံစုံစမ်းလျှက်ရှိပြီး အမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

#PAN