“နိုင်ဂျာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး မြို့တော် Niameyမြို့ရှိ ပြင်သစ်သံရုံးအား အစားစာ၊ ရေနှင့် လျှပ်စစ်မီးများ ဖြတ်တောင်ခံရ”

သြဂုတ် ၂၉

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ဂျာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့် Niameyမြို့ ရှိ ပြင်သစ်သံရုံးအား အစားအစာ ပို့ဆောင်ခြင်း မပြုလုပ်ကြရန် နှင့် ရေ၊ လျှပ်စစ်မီးများကို ဖြတ်တောက် လိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက်နေ့က လူမှုမီဒီယာတွင် ဖော်ပြသော သတင်းအများ အပြားတွင် ပြောကြားခဲ့ ကြပါတယ်။

အလားတူ နိုင်ဂျာနိုင်ငံ Zinderမြို့ ရှိ ပြင်သစ်ကောင်စစ်ဝန်ရုံးကိုလည်း အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုထားပါတယ်။

နိုင်ဂျာနိုင်ငံ National Council for the Safeguarding of the National Support Committee (CNSP) ၏ ဥက္ကဌ Elh Issa Hassoumi Boureima က Nigerနိုင်ငံ ရှိ ပြင်သစ် အခြေစိုက် စခန်းများ အားလုံးကို ရေနှင့်လျှပ်စစ် ထောက်ပံ့ရေးနှင့် စားသောက်ကုန် ပစ္စည်းများအားလုံးကို ရပ်ဆိုင်းနိုင်ရန် ပြောကြားခဲ့တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။

ထို့အပြင် ၎င်းတို့ နိုင်ငံအတွင်းရှိ ပြင်သစ် နိုင်ငံအား ကုန်စည်နှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး လုပ်ငန်းများအားလုံးကို ဆက်လက်ကူညီနေသည့် မည်သည့်မိတ်ဖက်အဖွဲ့ကိုမဆို “နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ပြည်သူများ၏ ရန်သူများဖြစ်ကြောင်း” အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်အား နိုင်ငံတွင်းမှ ထွက်ခွာရန် ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက် တနင်္ဂနွေနေ့က နိုင်ဂျာနိုင်ငံ တွင်း စစ်တပ်အုပ်ချုပ်ရေးများဖြစ်ပေါ်ပြီး နှစ်ရက်ကြာ တွင် အဆိုပါ သတင်းများထွက် ပေါ်လာခြင်းလည်းဖြစ်ပါတယ်။