“တရုတ်-စင်္ကာပူ နှစ်နိုင်ငံစစ်တပ်တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ၂၀၂၃ အမည်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မကြာမှီ အချိန်အတွင်း ပြုလုပ်သွား ဖွယ်ရှိနေ”

သြဂုတ် ၂၉

တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံ တို့၏ နှစ်နိုင်ငံ စစ်တပ်တို့သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု-၂၀၂၃ အမည်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ နှောင်းပိုင်းမှ လာမည့် စက်တင်ဘာလလယ်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး နှစ်ဖက်စစ်တပ် ပူးပေါင်းဆောင် ရွက်မှုများပိုမို အားကောင်းစေရန်နှင့် စစ်ရေးဆိုင်ရာ လက်တွေ့လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ပြီး အဆိုပါ တရုတ်-စင်္ကာပူ နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု များကို ပြုလုပ် သွားမည်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် တနင်္လာနေ့က တရားဝင် ထုတ်ပြန်ကြေညာ ပြောကြားခဲ့ပါတယ်။