တန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာအနီး PDF အကြမ်းဖက်အလောင်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

သြဂုတ် ၂၉

       ယနေ့ မွန်းလွဲ ၁၂  နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များ သည် ဆင်ငယ်ကျေးရွာအနီးရောက်ရှိစဉ် လူသတ်အကြမ်းဖက် PDF  ၁ ဦးသည် မိုင်းထောင်ရန်ပြုလုပ်နေစဥ် တွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

        ထိုသို့ ပစ်ခတ်ဖမ်းဆီးရာတွင် အမည်စိစစ်ဆဲ အကြမ်းဖက်သောင်းကျန်းသူ PDF  ၁ ဦးကို လက်လုပ်မိုင်း ၂ လုံး၊ နီ/နက်ဝါယာကြိုး(ပေ ၅၀)ခန့် ၁ ခွေ၊ ကီးပက်ဖုန်း ၁ လုံး၊ ဓာတ်ခဲ ၄ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူ PDF များသည် အများပြည်သူ သွားလာနေသော လမ်းများပေါ်တွင် မိုင်းထောင်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရသေဆုံးကြရကြောင်း၊ ယခုလို မိုင်းထောင်နေသည့် အကြမ်းဖက် PDF များကို ဖမ်းဆီရမိခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ဝမ်း မြောက်ဝမ်းသာဖြစ်ကြရကြောင်း၊ ယခုလို အကြမ်း ဖက်များ၏ အကြမ်းဖက်မှုအန္တရာယ်မှ ပိုမိုကာကွယ်ပေးစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။

#PAN