စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၌ စက်သုံးဆီဆိုင်ပိုင်ရှင်အပါအဝင် အရပ်သား ၂ ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၂၉

       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာ၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် စက်သုံးဆီဆိုင်ပိုင်ရှင်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။

       ဖြစ်စဥ်မှာ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေး ရွာနေ ဦးစိုးမိုးသိန်း၊ ၅၄ နှစ်သည် ၎င်းပိုင်ဆိုင်သည့် ထိပ်တန်းစက်သုံးဆီဆိုင်၌ ထမင်းစားနေစဥ် အကြမ်းဖက် PDF အမျိုးသား ၆ ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

        ထို့နောက် အဆိုပါ အကြမ်းဖက် PDF အဖွဲ့မှ အမျိုးသား ၃ ဦးသည် ၎င်းကျေးရွာနေ ဦးချိုတူးမောင်၊ ၄၇ နှစ်၊ ကျဘမ်းအလုပ် လုပ်ကိုင်သူ ၏နေအိမ်သို့ ဆက်လက်ရောက်ရှိကြ​ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးချိုတူးမောင်လည်း နေအိမ် ၌ပင် သေဆုံးသွားခဲ့ကြောင်း  သတင်းရရှိပါ သည်။

#PAN