ကလေးဝ-မော်လိုက် ကားလမ်းပေါ်ရှိ တံတား ၂ စင်းကို အကြမ်းဖက် PDFအဖွဲ့မှ မိုင်းခွဲဖျက်ဆီး

ဩဂုတ်လ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နဲ့ မော်လိုက်လိုက်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင်ရှိသည့် ပလူဇဝရွာ နှင့် နန်းဇလိန်ရွာအနီးမှ လိပ်ပုတ်ချောင်းတံတားနှင့် မာန်ဖာလေးရွာအနီးရှိတံတားတို့ကို ယမန်နေ့ ညပိုင်း ၁၁နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူသတ်အကြမ်းဖက်PDFပူးပေါင်းအဖွဲ့တို့က မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများမှ အဆိုပါလမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပြီး ကားများသွားလာလို့မရတော့ပဲ ဒေသတွင်းသယ်ယူပို့ဆောင်ရေးကုန်ကားများ ရပ်တန့်ပိတ်မိနေကြာင်း သိရှိရသည်။

လူသတ်အကြမ်းဖက်အဖွဲ့များသည် လမ်းတံတားများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေကြောင်း၊ဒေသတွင်းပြည်သူများ၏ ဘဝရပ်တည်ရေးကြပ်တည်လာစေရန်နှင့် နိုင်ငံတော်အစိုးရ၏ဂုဏ်သိက္ခကို ကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။