“အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် G 20 ဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲကို ရုရှား နိုင်ငံခြား ရေးဝန်ကြီး က ရုရှားနိုင်ငံ၏ ကိုယ်စားလှယ်တော်အဖြစ် ပါဝင်တတ် ရောက်သွားဖွယ်ရှိနေ”

သြဂုတ် ၂၉

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi တို့သည် ဖုန်းဖြင့် စကားပြောဆိုမှုများပြုလုပ် ခဲ့ကြပြီး လာမည့် စက်တင်ဘာ ၉ ရက်ကနေ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် Group of 20 G 20 ဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင်က တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ရုရှား နိုင်ငံ၏ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဦးဆောင် တတ်ရောက်သွားမှာလည်း ဖြစ်ပါတယ်။

ရုရှား ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် “သမ္မတပူတင်က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉-၁၀ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အဆင်မပြေကြောင်း ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov က ရုရှားနိုင်ငံ ကိုယ်စားလှယ် တော်အဖြစ်တတ်ရောက်မယ်လို့ ထုတ်ပြန်ချက်တွင် ကြေငြာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဥက္ကဌ ရာထူးအဖြစ် လက်ခံကျင်းပမည့် G 20 ထိပ်သီး အစည်းအဝးအတွက် အိန္ဒိယ နိုင်ငံ၏ ဝန်ကြီးချုပ် မိုဒီအား ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားပြီး ရုရှား-အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် တိုးတက်မှုများ ရှိလာစေရန် အတွက် မကြာသေးမီကကျင်းပပြုလုပ်ခဲ့သည့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ကျင်းပ ပြီးဆုံးခဲ့သော BRICS ထိပ်သီးအစည်းအဝေး တွင်လည်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်စိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။