မြဝတီမြို့တွင် အမျိုးသားတစ်ဦး နောက်ပြန်လက်ထိပ်ခတ်ထားပြီး ချွန်ထက်သော ထိုးသွင်းဒဏ်ရာ ၈ ချက်ခန့်ဖြင့် ယာဥ်တစ်စီးပေါ်မှ ပစ်ချထားခဲ့

ဩဂုတ် ၂၉

ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၇ ရပ်ကွက်၊ သစ္စာအေးမြိုင် မဘုန်းကြီးကျောင်း၏ တောင်ဖက်ခြမ်းလမ်းမပေါ်သို့ ယာဥ်အမှတ်(စုံစမ်းဆဲ)ပေါ်မှ အမျိုးသားတစ်ဦး နောက်ပြန်လက်ထိပ်ခတ်လျက် ပစ်ချထားခဲ့ကြောင်း သိရှိရပါသည်။

ယာဥ်အမှတ်(စုံစမ်းဆဲ)ပေါ်မှ အမျိုးသားတစ်ဦး နောက်ပြန်လက်ထိပ်ခတ်လျက် ပစ်ချထားခဲ့ကြောင်း ဖုန်းဖြင့်သတင်းပေးပို့ချက်အရ အခင်းဖြစ်အရပ်သို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြင့် လုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ယာဥ်ပေါ်မှ ပစ်ချခံရသူမှာ စောလယ်ဝါးထူး(ခ)သက်ဦးဝေ၊ ၃၁နှစ်၊ (ဘ)ဦးစောကျော်ဆန်း ရဲစိုက်ခင်း၊အမှတ် ၃ ရပ်ကွက်၊ မြဝတီမြို့နေထိုင်သူ ဖြစ်ကြောင်းသိရသည်။

၎င်းသည် DKBA စည်းကမ်းထိန်းသိမ်းရေးဗဟို၊ ဆုံဆည်းမြိုင်ဌာနချုပ်မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရှိရခြင်းကြောင့် မြဝတီမြို့ DKBA စည်းကမ်းထိန်းသိမ်းရေးရုံးကို ဆက်သွယ်ထားရှိပြီးဒဏ်ရာရရှိသူကို လူနာတင်ယာဥ်ဖြင့် မြဝတီခရိုင်၊ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN