မူဆယ်မြို့ မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၁ ဦးကို လူ ၃ ဦးမှ သေနတ်ဖြင့်ပစ်ပြီး ငွေများလုယက်ထွက်ပြေး

ဩဂုတ် ၂၉

မူဆယ်မြို့က ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးကို အကြမ်းဖက်သူများက ပစ်ခတ်သတ်ဖြတ်ကာ ငွေများလူထွက်ပြေးသွားကြောင်း သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ မူဆယ်မြို့ ၊ ညဈေးလမ်းနှင့် စည်ပင်ဈေးလမ်းဆုံတွင်ရှိသော ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ အမျိုသမီးတစ်ဦးသည် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေစဉ် အကြမ်းဖက်လူ ၃ ဦးရောက်ရှိလာပြီး အဆိုပါအမျိုးသမီးကို ပစ်ခတ်ကာ ငွေလွှဲလုပ်ငန်းလုပ်ဆောင်နေသည့်ငွေကြေးများအား ယူဆောင်ထွက်ပြေးသွားကြောင်း သိရှိသည်။

 လုံခြုံရေးအဖွဲ့များအနေဖြင့် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုရရှိရန်ဆောင်ရွကပ်နေကြောင်း သိရသည်။

#PAN