ထန်တလန်မြို့ရှိ တပ်မတော် လုံခြုံရေးစခန်းကို အကြမ်းဖက် CNF/ CNA ပူးပေါင်းအဖွဲ့များက သာလွန်အင်းအားဖြင့် လာရောက်တိုက်ခိုက် ၊CNF/ CNA ဖက်မှ ၁၁ ဦးသေဆုံး

သြဂုတ် ၂၉

       ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ တပ်မတော် လုံခြုံရေးစခန်းကို အကြမ်းဖက် CNF/ CNA ပူးပေါင်းအဖွဲ့များက Drop Bomb များပစ်ချပြီး အင်အား ၃၀၀ ကျော်ဖြင့် လာရောက်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ချင်းအကြမ်းဖက် CNF/ CNA ဖက်မှ ၁၁ ဦးကျဆုံးကြောင်း ချင်းသတင်းအရင်းအမြစ်တစ်ခု၏ သတင်းအရ သိရသည်။

       ချင်းသတင်းဌာနတစ်ခုဖြစ်သော The Chin Post မှ ချင်းအကြမ်းဖက်အဖွဲ့ CNA မှ ၅ ဦး၊ CDF အကြမ်း ဖက်အဖွဲ့မှ – Zophei မှ ၄ ဦး၊ CDF အကြမ်းဖက်အဖွဲ့မှ – ထန်တလန်မှ ၁ ဦးနှင့် CDF အကြမ်းဖက်အဖွဲ့(ဟားခါး)မှ ၁ ဦး စုစု ပေါင်း ၁၁ ဦး ယနေ့တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ 

      ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့မှ ကား ၃ စီးဖြင့် ထန်တလန်မြို့သို့ တပ်မတော်ဖက်က စစ် ကူစေလွှတ်ခဲ့သည်ဟု အဆိုပါ ချင်းသတင်းအရင်းအ​မြစ်က ဆိုပါသည်။

      နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်အချိန်တွင် တပ်မတော်ဖက်မှ လေကြောင်းပစ်ကူများ ပေးခဲ့သည့်အပြင် ဟားခါး အခြေစိုက်တပ်မှလည်း လက်နက်ကြီးပစ်ကူ အများအပြားပေးခဲ့ခြင်းကြောင့် ယခုလို ချင်းအကြမ်းဖက်အဖွဲ့များ ထိခိုက်ကျဆုံးများ ပြားခဲ့ကြောင်း၊ ချင်းအကြမ်းဖက် ၁၁ ဦးအလောင်း ကျန်ခဲ့ကြောင်း၊ ၎င်းအရေ အတွက်ထက်ပိုနိုင်ကြောင်း၊ ဒဏ်ရာရသူ ၅၀ ဦးအထက်ရှိနိုင်ကြောင်း၊ ၎င်းတို့ပြန်ဆုတ်သွားချိန်မှာ အလောင်းများနှင့် ဒဏ်ရာရသူများကို ထမ်းသွားကြသည် တပ်စခန်းမှ မြင်တွေ့ရကြောင်း ဟားခါးတပ်နယ်နှင့် နီးစပ်သူများထံမှ သိရသည်။

         အဆိုပါ တိုက်ပွဲတွင် ချင်းအကြမ်းဖက် CNF/ CNA ဖက်မှ အလောင်း ၁၁ လောင်းနှင့်အတူ ၆၀ မမ လက်လုပ်စိန်ပြောင်း တစ်လက် AK 47 သေနတ် ၅ လက်၊ M-16 သေနတ် ၂ လက်၊ M-4 သေနတ် ၂ လက်၊ 12 Bole သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်ကျည်မျိုးစုံ ၁၀၀၀ကျော်၊ လက်ပစ်ဗုံး ၂၅ လုံး၊ကျည်ကာ ၁၁ ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မတော်ဖက်မှ စစ်သည် ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်း အကြမ်း ဖက်သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရန် စစ်ဆင် ရေးများ အရှိန်မြှင့်ဆောင်ရွက်ရန်ရှိကြောင်း ဟားခါးတပ်နယ်နှင့် နီးစပ်သူထံမှ သတင်းရရှိပါသည်။

#PAN