ပေါင်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်ခတ်ခံရ

သြဂုတ် ၂၈

မွန်ပြည်နယ် ပေါင်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ ညနေပိုင်းတွင် PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုခံခဲ့ရကြောင်း သိရှိရသည်။

ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦးအောင်ငွေထွန်းသည်ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ရင်းငြိမ်ဘက်သို့မောင်နှင်လာစဥ် ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးအားကစားကွင်းနားအရောက်တွင် ၎င်း၏အနောက်ဖက်မှ အကြမသမား နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်အနောက်မှကပ်ပါလာပြီး သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ပြီး ဇင်းကျိုက်ဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF များ၏ ပစ်ခတ်မှုကြောင့် ဦးအောင်ငွေထွန်းတွင် ယာဘက်‌ပေါင်နှင့်ဝဲဝမ်းဗိုက်တို့၌ သေနတ်ဒဏ်ရာ နှစ်ချက်စီရရှိသဖြင့် ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသမှုခံယူနေကြောင်း သိရှိရသည်။

#PAN