“အမေရိကန် နိုင်ငံကူသန်းရောင်းဝယ်ရေးဝန်ကြီး Gina သည် တရုတ်နိုင်ငံသို့ ၄ရက်ကြာ ခရီးစဥ်အဖြစ် ရောက်ရှိနေ”

သြဂုတ် ၂၈

အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo သည် ပြီးခဲ့သည့် တနင်္ဂနွေညပိုင်းတွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ၄ရက်ကြာ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံ ဖြစ်သော အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာသော ဆက်ဆံရေးကို ဖြေလျှော့ရန် အတွက် အဆ်ိုပါ ခရီးစဥ်ကို အမေရိကန်နိုင်ငံမှ ကျယ်ပြန့်စွာ မျှော်လင့်ထားပါတယ်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အား တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမေရိကန်နှင့် Oceania ရေးရာဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် Lin Feng က လေဆိပ်တွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပြုပြင်ရာတွင် အမေရိကန်အနေဖြင့် ရိုးသားမှုရှိမရှိကို စမ်းသပ်မှုခရီးစဥ် တစ်ခုအဖြစ် ရှုမြင်ပြီး တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ ကြား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးနယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုများကို မြင်တွေ့နိုင်ဖွယ်မရှိကြောင်း တရုတ်ကျွမ်းကျင်သူများက သုံးသပ် ပြောကြားခဲ့ပါတယ်။

မကြာသေးမှီအချိန်များက တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး သည် အနိမ့်ဆုံးသို့ ရောက်ရှိနေသည့် အပြင် တရုတ်-အမေရိကန် ဆက်ဆံရေးကြားတွင် နောက်ထပ် ဆွေးနွေးပွဲများအတွက် ပိုမိုကောင်းမွန်သော နှစ်နိုင်ငံချစ်ကြည်ရေး စိတ်ဓာတ်များ ဖန်တီးရန် နှင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကိုပိုမို ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သတင်းဌာနများကဖော်ပြပြောဆ်ိုထားကြပါတယ်။