ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးတွင် KNU/PDF အဖွဲ့မှ တပ်မတော်ယာဥ်တန်းအား ပစ်ခတ်ရာ ခရီးသည်တင်ကားထိမှန်ပြီး ပြည်သူနှစ်ဦး ဒဏ်ရာရ

သြဂုတ် ၂၈

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဒေါင်းတောင်ကုန်းတက်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် တပ်မတော်ယာဥ်တန်းကို ပစ်ခတ်ခဲ့သည်။

       အဆိုပါပစ်ခတ်မှုသည် တပ်မတော်ယာဥ်တန်းကို မထိမှန်ဘဲ ရန်ကုန်မှ ထွက်ခွာလာသည့် အန်စာတုံး အမျိုးအစား ခရီးသည်တင်ယာဥ်ကို ထိမှန်ခဲ့ကြောင်း၊  ၎င်းယာဥ်ပေါ်လိုက်ပါလာသည့် ဧရာဝတီ တိုင်းဒေသကြီးနေသူ ဦးချိုဝေ၊ ၂၄ နှစ် နှင့်  မကွေးတိုင်းဒေသကြီးနေသူ ဦးကျော်ကျော်၊ ၂၅ နှစ်တို့နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်း ဒဏ်ရာရသူ နှစ်ဦးကို ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေး ကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN