“သြစတြေးလျနိုင်ငံ မြောက်ဘက်ပိုင်းတွင် အမေရိကန် စစ်တပ်၏ Osprey အမျိုးအစား ရဟတ်ယာဥ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် မရိန်းတပ်သား ၃ဦးသေဆုံးခဲ့ရ”

သြဂုတ် ၂၇

သြစတြေးလျနိုင်ငံမြောက်ဘက်ပိုင်း ရှိ အပူပိုင်းဒေသ ကျွန်းတစ်ခုမှာ ယနေ့ တနင်္ဂနွေနေ့က Osprey အမျိုးအစား လေယာဉ် ပျက်ကျပြီးနောက် အနည်းဆုံး အမေရိကန် မရိန်းတပ်သား ၃ဦး သေဆုံးခဲ့ရတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြောပါတယ်။

” ရဟတ်ယာဥ်ပျက်ကျမှုတွင် အမေရိကန် အမှုထမ်း စုစုပေါင်း ၂၃ ယောက်ပါရှိပါတယ်။ ၃ ယောက် သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပြီး ၅ ယောက်ကို ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး၊ ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ အမေရိကန် မရိန်းတပ်မှ တာဝန်ရှိသူ တစ်ဦးက တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

Osprey အမျိုးအစား ရဟတ်ယာဥ် ပျက်ကျခဲ့သည့် ​သြစတြေးလျနိုင်ငံ Tiwi ကျွန်းများပေါ်တွင် ယနေ့ နံနက် ၉ နာရီက ပျက်ကျခဲ့ကြောင်း သြစတြေးလျ မြောက်ပိုင်း နယ်မြေရဲမင်းကြီး မိုက်ကယ်မာဖီက ပြောကြားခဲ့ပါတယ်။

“သူတို့ကို ဆေးရုံဆီသို့ ဘေးကင်းစွာ ကုသဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်နေပါတယ်”လို့ Murphy က ပြောကြားခဲ့ပြီး သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် မရိန်းတပ်သားတို့ အဆိုပါ ရဟတ်ယာဥ် ပျက်ကျမှုတွင် ပူးပေါင်းပါဝင်ကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း Murphy က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Exercise Predator’s Run 2023ပြုလုပ်နေစဥ် တွင် ဖြစ်ပွားခဲ့သော အဆိုပါ ရဟတ်ယာဥ်ပျက်ကျမှုတွင် သြစတြေးလျအမှုထမ်းများ မပါဝင်ခဲ့ကြောင်း လည်း ၀န်ကြီးချုပ် Anthony Albanese က ပြောကြားခဲ့ပြီး မတော်တဆမှုမှာ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။