“လာမည့် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အထွေထွေ ညီလာခံတွင် နိုင်ဂျီးရီးယား သမ္မတ က အမေရိကန်သမ္မတ Biden နှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၂၇

နိုင်ဂျီးရီးယားနိုင်ငံသမ္မတ Tinubu က မကြာမှီကျင်းပပြုလုပ်တော့မည့် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ Biden နှင့် တွေ့ဆုံမှုများပြုလုပ်သွားမှာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားသမ္မတ Bola Tinubu သည် လာမည့်လတွင် အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ ကမ္ဘာ့ ကုလ သမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်း၏ ပြောရေး ဆိုခွင့်ရှိသူက ပြီးခဲ့သည့် စနေနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံကို လာမည့် စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်အထိ နယူးယောက်မြို့ တွင် ပြုလုပ်ရန် စီစဉ်ထားတာလည်းဖြစ်ပါတယ်။

နိုင်ဂျီးရီးယား သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Ajuri Ngelale က Tinubu သည် အမေရိကန်သမ္မတ၏ အထူးသံတမန်ဖြစ်ပြီး အာဖရိကရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်သည့် Molly Phee ရဲ့ ပေးပို့သည့် ဖိတ်ကြားချက်ကို Tinubu က လက်ခံခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။