မဘိမ်းမြို့နယ်မှ အပြစ်မဲ့ ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်

ဩဂုတ်လ ၂၇

လူသတ်အကြမ်းဖက် PDF အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်မှ အရပ်သားအပြစ်မဲ့ပြည်သူတစ်ဦးကို ဩဂုတ်လ(၂၅)ရက်နေ့ ညတွင် ဖမ်းဆီး သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ ဦးတင်အောင် (၇၅)နှစ်သည် မဘိမ်းမြို့နယ် အောက်ရမ်းဘိုကျေးရွာမှ သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံအားပေးသူဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဩဂုတ်လဆန်းပိုင်းမှစတင်၍ အကြမ်းဖက်အဖွဲ့များက ကျေးရွာများတွင် ဆက်ကြေးကောက်ခံနေကြောင်း၊အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုဆက်တိုက်လုပ်ဆောင်လာနေကြောင်း၊နောင်ချိုမြို့နယ်အတွင်းတွင် ဆက်ကြေးကောက်နေကြောင်း ဆက်ကြေးမပေးသောရွာများရှိ စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။

#PAN