ငါန်းဇွန်းမြို့နယ်၊ လက်ပံသာကျေးရွာတွင် အကြမ်းဖက် PDF များမှ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ သုံးဦးအား နေအိမ်ဝိုင်းအတွင်းသို့ ဝင်ရောက်သတ်ဖြတ်


သြဂုတ် ၂၇


အကြမ်းဖက်PDF ၁၅ဉီးခန့်သည် ငါန်းဇွန်မြို့နယ်၊လက်ပံသာကျေးရွာအုပ်စု၊လက်ပံသာကျေးရွာအတွင်းသို့ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် တွင်ဝင်ရောက်လာပြီး ကျေးရွာနေအပြစ်မဲ့ပြည်သူ ၃ ဦးကိုကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အကြမ်းဖက်သမားသည် လက်ပံသာကျေးရွာအတွင်းဝင်ရောက်လာပြီး ကျေးရွာနေ ဉီးစိန်ကုလား ၊၅၂ နှစ် (ဘ)ဉီးအေး ၏ နေအိမ်သို့ ဝင်ရောက်ကာ ဉီးစိန်ကုလားအား လမ်းပေါ်သို့ခေါ် ထုတ်၍ လည်းကောင်း၊ ဉီးကျော်ညိမ်း၊၇၀နှစ်၊(ဘ)ဉီးဘိုးမှီနှင့်ညီအရင်းဖြစ်သူ ဉီးသိန်းဆွေ၊၆၅၊(ဘ)ဉီးဘိုးမှီ တို့နှစ်ဦးသည် ၄င်းတို့၏ နေအိမ်တွင် အတူရှိနေစဉ် အိမ်ဝိုင်းအတွင်းသို့ဝင်ရောက်၍လည်းကောင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်း ၃ ဦးလုံးမှာ နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူများသည် ပြည်ခိုင်ဖြိုးပါတီဝန်းရံအားပေးသူများဖြစ်ကြကြောင်းသိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို သြဂုတ်လ ၂၇ ရက် ၃ နာရီ အချိန်ခန့်တွင် ယင်းကျေးရွာ၌ပင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

လူသတ်အကြမ်းဖက် PDF များသည် ငါန်းဇွန်းမြို့နယ်တွင် အပြစ်မဲ့ပြည်သူများ ပြည်ခိုင်ဖြိုး ပါတီဝင်များ ပါတီဝန်းရံသူများအား အကြောင်းမဲ့ သတ်ဖြတ်မှုများရှိနေကြောင်းလည်း သိရသည်။

#PAN