ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာ၏ အရှေ့မြောက်ဘက် မီတာ ၄၃၀ ခန့်အကွာ ရာဘာတောနေရာ၌ အရပ်သားပြည်သူ တစ်ဦး မိုင်း ၁ လုံး နင်းမိ၊ ယာခြေသလုံး အရိုးကြေ ပေါက်ပြဲဒဏ်ရာရ

သြဂုတ် ၂၇

        ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ် ကွက်ရှိ ဝန်ထမ်းအိမ်ယာ၏ အရှေ့မြောက်ဘက် မီတာ ၄၃၀ ခန့်အကွာ ရာဘာတောနေရာ၌ အရပ် သားပြည်သူ တစ်ဦး မိုင်း ၁ လုံး နင်းမိပြီး ပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

         ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ် ကွက်၊ ဝင်းကြီးကွက်သစ်နေ အောင်မျိုးထွဋ်၊၂၆ နှစ်၊ (ဘ)ဦးမျိုးလွင်၊ ကျဘမ်းလုပ်ကိုင်၊ ဗမာ/ဗုဒ္ဓ သည် နေအိမ်မှ မှိုရှာထွက်လာစဉ် ဖြစ်စဉ်နေရာသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များ ထောင်ထားသည့် မိုင်း (အမျိုးအစား၊ စိစစ်ဆဲ) ၁ လုံးကို နင်းမိပေါက်ကွဲခဲ့ရာ ယာခြေသလုံးအရိုးကြေ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံမှတစ်ဆင့် ဘားအံပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN