“ဟာဝိုင်အီတွင် တောမီးများ လောင်ကျွမ်း ပြီးနောက် လူပေါင်း ၃၃၈ဦးထိ ပျောက်ဆုံးနေပြီး ကျွန်း၏ အနောက်ဘက် Maui ကျွန်းရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားရ”

သြဂုတ် ၂၇

တောမီးများလောင်မှုကြောင့် ဟာဝိုင်အီ အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ပြီးခဲ့သည့် စနေနေ့က ဟာဝိုင်အီ ကျွန်း အနောက် Maui ကျွန်းရှိ လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

“မိသားစုနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သာ ကယ်ယူ ဖယ်ထုတ်ကြရန်၊ မနှောင့်နှေးကြပါနဲ့။ အဲဒီဒေသမှာ လုပ်ဆောင်နေတဲ့ ပြည်သူ့လုံခြုံရေးဝန်ထမ်းတွေကို စောင့်ကြည့်ပါ” လို့ အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ကြေညာ ထားပါတယ်။

ဟာဝိုင်အီကျွန်း၏ အပန်းဖြေမြို့ဖြစ်သည့် Lahaina တွင် ရာစုနှစ်တစ်ခုကျော်အတွင်း လူအသေအပျောက်အများဆုံး တောမီးလောင် ကျွမ်းပြီးနောက် သီတင်းနှစ်ပတ်ကျော်အတွင်း လူပေါင်း ၃၃၈ ဦးကျော်၏ပျောက်ဆုံးနေသည့် အမည်များကို ဟာဝိုင်အီကျွန်း အာဏာပိုင်များ က တရားဝင်ထုတ် ပြန်ကြေညာခဲ့ပါတယ်။