ရွှေတောင်ဦးဘုရား ဂေါပကအဖွဲ့ဥက္ကဌနေအိမ်ကို အကြမ်းဖက် KNU PDF ပူးပေါင်းအဖွဲ့မှ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲ

သြဂုတ် ၂၆

ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မင်းလမ်းတွင်နေထိုင်သည့် ဦးမောင်ပုံ (ခ)ဦးမြမောင် (၅၅)နှစ် (ရွှေတောင်ဦးဘုရားဂေါပကအဖွဲ့ဥက္ကဌ) ၏ နေအိမ်ခြံဝန်းအနောက်တံခါးအတွင်းကို KNU+PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝန်းရှိ သံပန်းတံခါး ပျက်ဆီးခဲ့ပြီး လူ ၊ တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်းလည်းသိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများတွင် KNU+PDF အကြမ်းဖက်အဖွဲ့များသည် တော်လှန်ရေးဟု ခေါင်းစဉ်တပ်၍ လူသစ်များအားခြိမ်းခြောက်စုဆောင်းခြင်း ၊ ဆန်နှင့် ဆတ်ကြေးငွေများအား မထည့်မနေရဓားပြတိုက်ခြင်း ၊ အများပြည်သူနှင့်သက်ဆိုင်သော ဘုရား ပုထိုး စေတီများ၊ ဘုန်းတော်ကြီးကျောင်းများ ၊ စာသင်ကျောင်းများ ၊ ဌာနဆိုင်ရာအဆောက်အဉီးများအားဗုံးခွဲဖျက်ဆီးခြင်း ၊ ခရီးသည်တင်ကားများအား ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ရပ်တည်ချက်မတူညီသောသူများအား ချောင်းပစ်ခတ်လုပ်ကြံခြင်း၊ အများပြည်သူသုံး လမ်း၊ တံတားများအားဗုံးခွဲခြင်းတို့ကို နေ့စဉ်လုပ်ဆောင်လျှက်ရှိခြင်းကြောင့် ငြိမ်းချမ်းစွာနေလိုသော ပြည်သူများအနေဖြင့် လက်နက်ကိုင်အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များအား စက်ဆုပ်ရွံရှာ မုန်းတီးလျှက်ရှိပြီး သက်ဆိုင်ရာများထံသို့ ပူးပေါင်း၍ တာဝန်သိစွာသတင်းပေးပို့လျှက်ရှိကြောင်းသိရသည်။

#PAN