ပေါင်မြို့ရှိထွေအုပ်ရုံးဝင်းအတွင်းကို PDF များက ဒုံးဖြင့်​ဗုံးပစ်ချ ထိခိုက်မှုမရှိ

သြဂုတ် ၂၇

PDF အကြမ်းဖက်အဖွဲ့သည် မွန်ပြည်နယ် ပေါင်မြို့ ပေါင်ဆေးရုံကြီး အနောက်ဘက်ရှိ တောင်ကြောပေါ်မှနေပြီး သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ ချိန်ခန့်တွင် ၄၀ မမ ဖြင့် ၂ ချက် လာရောက်ပစ်ခတ်ခဲ့ရာ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ မြို့နယ်ထွေ/အုပ်ရုံးဝင်းရှိ ရေစင်အနီးသို့လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် ရုံးဝင်းအနီး ရေချိုးကန်ကွင်းပြင်သို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထို့အတူ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် PDF များမှ ဒရွန်းဖြင့် ဗုံးတစ်လုံးထပ်မံ ပစ်ချခဲ့ရာ ထွေအုပ်ရုံးဝင်း မော်တော်ယာဥ်အဆောင်ရှေ့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့် ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ပေါင်မြို့နယ်တွင် အပြစ်မဲ့ပြည်သူများ လုံခြုံရေးတပ်ဖွဲ့များအား PDF အကြမ်းဖက်များမှ သတ်ဖြတ်မှုများရှိနေပြီး လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိသော်လည်း ယနေ့အချိန်အထိ ဖမ်းဆီးရမိမှုတစ်စုံံတစ်ရာမရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

#PAN