မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီ-မဲ့ထော်သလေးသွားလမ်းဘေးတွင် အကြမ်းဖက်သောင်း ကျန်းသူများ ထောင်ထားသော လက်လုပ်ဗုံးပေါက်ကွဲ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ် ၂၆

       ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီ-မဲ့ထော်သလေးသွားလမ်းဘေးရှိ ရဲစိုက် ခင်းအနီးတွင် ဟန်မြင့်မိုရ်-၂ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ရှေ့တွင် ဆိုင်၏ အလုပ်သမား ကိုအောင်မြင့်ကျော်၊ ၃၀ နှစ်၊ (ဘ)ဦးကျော်ဌေး၊ ဗမာ/ဗုဒ္ဓ၊ စျေးရောင်း၊ မပတ (ရှိ/မမှတ်မိ)၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူသည် မော် တော်ယာဉ် ပေါ်သို့ ကုန်တင်ကုန်ချပြုလုပ်နေစဉ် လမ်း၏တစ်ဖက်ခြမ်းရှိ ဦးမိုးသီး ပိုင်ဆိုင်သော ခြံကွက် အလွတ်၏ အုတ်တံတိုင်းအနီးမှ အကြမ်း ဖက်သောင်းကျန်းသူများ ထောင်ထားသော လက် လုပ်ဗုံးဟုယူဆရသော ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

        ထိုသို့ ပေါက်ကွဲမှုကြောင့် ကိုအောင်မြင့်ကျော် တွင် ယာဘက်လက်ပြင်အနောက် ထိခိုက်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူဆေးရုံးသို့ ဆေးကုသမှုခံယူနိုင်ရေး အတွက် ပို့ဆောင်ထားရှိခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါလက်လုပ်မိုင်း ဖောက်ခွဲမှုပြုလုပ်သူအား ဖမ်းဆီးရမိရေး မြဝတီမြို့နယ်ရဲစခန်း မှ လိုက်လံစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

#PAN