ဂန့်ဂေါမြို့နယ်တွင် ပြည်သူစစ်ရွာကို အကြမ်း ဖက်သောင်းကျန်းသူ PDF များက Drop Bomb များ ပစ်ချတိုက်ခိုက်၊ ပြည်သူ့စစ်ရွာများတွင်ကုန်စည်များပြတ်တောက်နေ

သြဂုတ် ၂၆

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူ့စစ် အားကောင်းသော ဟံသာဝတီရွာကို  ယမန်နေ့တွင် အကြမ်းဖက် PDF များက Drop Bomb များ ပစ်ချခြင်း၊ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ အမှတ် (၈) ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမရှိကြောင်း သိရသည်။

      ဂန့်ဂေါမြို့နယ်သည် မြို့ပေါ်၊ ကျောဒေသနှင့်ပြည်သူ့စစ်အားကောင်းသော ဟံသာဝတီရွာ၊မြောက်ခင်ရန်းရွာ၊ လယ်ကြီးအုပ်စုများသာ စာ သင်ကျောင်းဖွင့်လှစ်နိုင်ကြသည်။

     တပ်ရှိသော မြို့ပေါ်နှင့်ကျောဒေသသည် ကား လိုင်းများသွားလာမှုမပြတ်၍ ကုန်စည်ပြတ်တောက်မှုမရှိကြောင်း၊ သို့သော် ဂန့်ဂေါနှင့်မိုင် ၅၀ ခန့်ဝေးသော ပြည်သူ့စစ်ရွာများဖြစ်သည့် ဟံသာဝတီ၊ကုက္ကား၊မြောက်ခင်ရန်း၊လယ်ကြီး အုပ်စုအိမ် ခြေ ၄၀၀၀ ခန့်ရှိသော ပြည်သူ့စစ်ရွာအများစုမှာ ကုန်စည်များပြတ်တောက်နေပြီး ဓာတ်ဆီ၊ဒီဇယ်ဝယ်မရကြောင်း၊ ကျောင်းဖွင့်ထားသော်လည်းအစိုးရမှ ထောက်ပံ့သည့် စာအုပ်များမရောက်ရှိကြောင်း၊ ဆရာများမပြည့်စုံ၍ ရွာမှ ညှိနှိုင်းဖြေရှင်းနေရကြောင်း၊ အချို့မိသားစုများ ရွာမှထွက် ပြေး ပြောင်းရွေ့နေကြကြောင်း၊ ကုန်စည်ပြတ်နေသည်မှာ ၃ လခန့်ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN