ကန့်ဘလူမြို့နယ် ညောင်ကန်သာရွာတွင်နေထိုင်သည့် ပြည်သူ ၁ ဦးကို လူသတ်အကြမ်းဖက် PDF ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

ဩဂုတ်လ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့် ဘလူမြို့နယ် ၊ ညောင်ကန်သာရွာတွင်နေထိုင်သည့် ဦးတင်လှ (၆၅) နှစ်ကို ယနေ့ သြဂုတ် ၂၆ ရက်နေ့ မွန်လွဲ ၁ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဖမ်းဆီးခံရသူသည် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်ဖြစ်သူဦးစိန်မောင်နှင့် ဦးလေးတော်စပ်သူတစ်ဦးဖြစ်ကြောင်းသိရှိရပြီး မည်သည့်အကြောင်းကိစ္စကြောင့် ဖမ်းဆီးသည်ကိုမသိရှိရကြောင်း ဒေသခံများမှပြောကြားသည်။

ကန့်ဘလူမြို့နယ်အတွင်းတွင် အကြမ်းဖက်PDFအဖွဲ့များက လက်နက်မဲ့အရပ်သားပြည်သူများကို ပြန်ပေးဆွဲခြင်း၊အမြင်မတူသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း နေ့စဉ်ရက်ဆက်လုပ်ဆောင်လာနေသည်ကို သိရှိရ၍ ဒေသခံပြည်သူများမှ အကြမ်းဖက်ရန်မှ ကာကွယ်ပေးနိုင်ရေး နိုင်ငံတော်၏အကူအညီလို လားနေကြကြောင်းသိရှိရပါသည်။