သောင်းကျန်းသူများ၏ RPG ထိပ်ဖူးကို​​တွေ့ရှိပြီး ​ဆော့ကစားမိ​​သည့် ကလေး ၃ ဦး ထိပ်ဖူး​ပေါက်တာကြောင့် စိုးရိမ်ဒါဏ်ရာရ


သြဂုတ် ၂၆
ကွမ်းလုံမြို့နယ် ၊ နမ့်ကျင်စန်အုပ်စု ၊ မန်ကျန်းကျေးရွာ အနီးတွင် အကြမ်းဖက်များ၏ RPG လက်နက်ထိပ်ဖူးကျည်တစ်ခုအား ယနေ့ သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကလေးငယ် ၃ ဦးမှ တွေ့ရှိ၍ ဆော့ကစားနေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် စိုးရိမ် ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။


စိုးရိမ်ဒဏ်ရာများရရှိသည့် ကလေးငယ် ၃ ဦးအား ဒေါက်တာမျိုးထွန်း ဦးဆောင်သော လူမှုကူညီရေးအသင်းနှင့် ကွမ်းလုံကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အကြမ်းဖက်သမားများအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှုများပျက်ပြားအောင်လုပ်ဆောင်နေပြီး အပစ်မဲ့ ရဟန်းသံဃာများ ကလေးသူငယ်များအား ရည်ရွယ်ချက််ရှိရှိ သတ်ဖြတ်မှုများပြုလုပ်နေကြောင်း သိရှိရသည်။

#PAN