မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား အကြမ်းဖက် PDF ၂ ဦးမှ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်


သြဂုတ် ၂၆

မဟာအောင်မြေမြို့နယ်၊ရတနာဘုမ္မိအရှေ့ရပ်ကွက်၊၈၂လမ်း၊၃၆×၃၇ လမ်းကြားရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးအား ယနေ့ သြဂုတ်လ ၂၆ရက် မွန်းလွဲ ၁နာရီ အချိန်ခန့်တွင် အကြမ်းဖက်လူသတ် PDF အဖွဲ့မှ လက်လုပ်မိုင်းနဲ့ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

မှန်ကာပါ ဆိုင်ကယ်စီးဉီးထုပ်ဆောင်းထားပြီး အနက်ရောင် CLICK ဆိုင်ကယ်စီးလာသည့် PDF အကြမ်းဖက်သမား ၂ ဦးသည် ၈၂လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာကာ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့ပြီး ဆိုင်ကယ်မှာ ၈၂လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF နှစ်ဦး ပစ်ပေါက်လိုက်သော လက်လုပ်မိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၊တောင်ဘက်ဒေါင့် အုတ်တံတိုင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။


၄င်းဖောက်ခွဲမှု့နှင့်ပါတ်သက်၍ နယ်မြေခံလုံခြုံရေးအဖွဲ့မှ လိုက်လံစုံစမ်းလျှက်ဖော်ထုပ်ရှိပြီး အမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

#PAN