နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး- မလှိုင်သွားကားလမ်း၊ အောင်သာကျေး ရွာနှင့် အောင်ပန်းကုန်းကျေးရွာအကြားတွင် PDF များနဲ့အဆက်အသွယ်ရှိသူ နှစ်ဦး နှုတ်ပိတ် သတ်ဖြတ်ခံရ

သြဂုတ် ၂၆


       ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး- မလှိုင်သွားကားလမ်း၊ အောင်သာကျေး ရွာနှင့် အောင်ပန်းကုန်းကျေးရွာအကြားရှိ ရေ ကျော်အနီးတွင် အမျိုးသားအလောင်းနှစ်လောင်းတွေ့ရှိကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှိစစ်ဆေးခဲ့သည်။

နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးရာ ဝေလင်းဦး၊ ၂၀ နှစ်၊ (ဘ)ဦးခင်မောင်ငွေ၊ ဗမာ/ ဗုဒ္ဓ၊ကျပန်း၊ မပတ-မမှတ်မိ၊ အောင်ပန်းကုန်ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူတွင် ဦးခေါင်းယာဘက်ခြမ်း ကြေမွ /ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ယာဘက်နံဘေးဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက် ကောက်ဝတ် စုတ်ပြဲ/ကျိုးပဲ့ဒဏ်ရာ ၁ ချက်နှင့် ခန့်ကိုကိုအောင်၊ ၂၅ နှစ်၊ (ဘ) ဦးရဲလင်းအောင်၊ ၊ ဗမာ/ ဗုဒ္ဓ၊မပတ-မမှတ်မိ၊ ကျပန်း၊ အောင်ပန်းကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူတွင် နဖူးဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ယာဘက်နား ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ပါးစပ်ဝဲဘက်ခြမ်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဒူး ဖောက် ဝင် /ထွက် ဒဏ်ရာ ၂ ချက် တို့ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အနီးဝန်း ကျင်တွင် ၇.၅၆ x ၃၉ AK ကျည်ခွံ  ၁၃ ခုအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရပါသည်။


        ဖြစ်စဉ်မှာ သေဆုံးသူ ၂ ဦးသည် ကျေးရွာမှနွားထိုးကြီးမြို့ပေါ် ဈေးဝယ်ပြီးပြန်လာစဉ် အဆို ပါ အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရှိရပါ သည်။


      ” သေသွားတဲ့နှစ်ယောက်ရဲ့ မိဘနှစ်ယောက်ဖြစ်တဲ့ ခင်မောင်ငွေနဲ့ ရဲလင်းအောင် တို့က NLD အမာခံ ကအနီခေါင်းဆောင်တွေ၊ သူတို့က ဆွေးမျိုတွေတော်ပါတယ်၊ သေတဲ့သူ နှစ်ယောက်လုံးက ရွာမှာသိပ်မနေကြဘူး၊ နေ့နေ့ ညည ပျောက်ပျောက်နေတတ်ပြီး PDF တွေနဲ့အဆက်အသွယ်ရှိတယ်လို့သိရတယ်၊ ကြားတာကတော့ သူတို့အချင်းချင်း နှုတ်ပိတ်တယ်လို့ သိရတယ် ” ဟု ၎င်းတို့ ရွာခံ ရွာသားတစ်ဦးက ပြောပြလာပါသည်။


    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရမိရေး အခင်းဖြစ်အနီး ပတ်ဝန်းကျင်နေရာများသို့ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေး လိုက်လံ
ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုရေးဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN