ဩဂုတ် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာအုပ်စုရှိ ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းမဘေး၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)နှင့် PDF ပူးပေါင်းအဖွဲ့သည်ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်များအပေါ် ဗုံးသီးကျရောက်ပြီး ကျောင်းဆောင်များ၏ အမိုးအကာများ ပျက်စီးရှုံးဆုံးခဲ့ကြောင်း၊ လူ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။
ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များက လုပ် ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များထဲမှ အယုတ်မာဆုံးလုပ်ရပ်မှာ တိုင်းပြည်၏ အနာဂါတ်ကလေးငယ်များ၏ ဘဝရပ်တည်ရေးအတွက် ပညာသင်ကြားရေးကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်ပြီး ယခုလို စာသင်ကျောင်းဆောင်များကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်း (ခေါ်) နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
#PAN