ဖြူးမြို့နယ်၊ကျောက်တံခါးမြို့နယ်၊ကျောက်ကြီး မြို့နယ်တို့မှ အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ အင်အား လေးရာခန့် အသံချဲ့စက်များဖြင့် သီချင်းများဖွင့်၍ ပျော်ပါးနေစဥ် နယ်မြေခံတပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

သြဂုတ် ၂၅

       ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊လက်တက်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖြူးမြို့နယ် ၊ကျောက်တံခါးမြို့နယ် ၊ ကျောက်ကြီးမြို့နယ်တို့မှ အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ အင် အား လေးရာခန့်သည် ဖြူးမြို့နယ်၊ နောင်ဘိုလက်တက်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင်
အသံချဲ့စက်များဖြင့် သီချင်းများဖွင့်၍ ပျော်ပါးနေစဥ် ယမန်နေ့ ညနေပိုင်းတွင် ကညွတ်ကွင်းအခြေစိုက် နယ်မြေခံတပ်ရင်းဌာနချုပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါနေရာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

        ထိုသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အကြမ်းဖက် PDF ၄၀ ဦးကျော် သေဆုံးပြီး စိုးရိမ်ရဒဏ်ရာ ၃၀ ဦးခန့်ရရှိခဲ့ကြောင်းနှင့် သာမာန်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ငတိုးခင်ကျေးရွာဖက်မှ နွားလှည်းဖြင့် စစ်တောင်းမြစ်သို့ သယ်ဆောင်ကာ တစ်ဖက်ကမ်းသို့ စက်လှေများဖြင့် သယ်ဆောင်သွားကြောင်း၊ နီးစပ်ရာကျေးရွာများရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ ၊ ဘုန်းတော်ကြီး ကျောင်းများတွင် နားခိုဆေးကုသလျှက်ရှိကြောင်း
ဒေသခံရွာသားများထံမှ သတင်းရရှိပါသည်။

         အဆိုပါ အကြမ်းဖက် PDF များသည် နောင်ဘိုလက်တက်ကြီးကျေးရွာ၊ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာတော်များကို မောင်းထုတ်နှင်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့ ပျော်ပါးနေသည့် အဆိုပါဘုန်းကြီးကျောင်း နေရာအတိအကျနှင့် သတင်းကို တာဝန်သိ ဒေသခံရွာသားမှ လျှို့ဝှက်သတင်း ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။  ၎င်းအပြင် ”ကညွတ်ကွင်းဖက်က လက်နက်ကြီးပစ်ခတ်ရင် ဗုံးသီး ပြောင်းကထွက်တဲ့အသံကို သူတို့ရှိတဲ့ ဘုန်းကြီး ကျောင်းနေရာက ကြားနိုင်တယ်၊ ဒါပေမဲ့ သီးချင်းသံတွေနဲ့ဆူညံနေတော့ ပြောင်းထွက်သံကိုမကြားတော့ ၎သူတို့အနေနဲ့ မရှောင်တိမ်းခဲ့ကြဘူး” ဟု အဆိုပါရွာသားမှ နောက်ဆက်တွဲသတင်းကို ထပ်မံပေးပို့လာခဲ့ပါသည်။

       ၎င်းအပြင် အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF များအနက် ကန်ရှိသည့်အဖွဲ့များသည် ဖြူးမြို့နယ်၊ တောကျွဲအင်းအရှေ့ဖက် ကျွန်းကုန်းရွာဖက်သို့ ရောက်ရှိလာကြောင်း၊ ၎င်းရွာတွင်ဘရွာသားစစ်စစ်များသည် စစ်ဘေးရှောင်နေကြပြီး အိမ်ရှင်များမရှိခိုက် အကြမ်းဖက် သမားများက လူနေအိမ်များအတွင်းသို့ တံခါးများဖွင့်၍ တစ်အိမ်လျှင် ၁၀/ ၁၅ ဦးခန့်နေထိုင်လျှက်ရှိကြောင်း၊ အဆိုပါနေအိမ်များရှိ ပစ္စည်းများဝင်ရောက်လုယက်နေထိုင်လျှက်ရှိကြောင်း၊ ၎င်းရွာတွင် ပြည်သူ စစ်စစ်များ လုံးဝမရှိတော့ကြောင်း၊အကြမ်းဖက်နှင့် အကြမ်းဖက်အားပေးများသာရှိနေကြောင်း အဆိုပါရွာမှ ရွာသားများက သတင်းပေးပို့လာပါသည်။

#PAN