ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ် (၄)ရပ်ကွက်၊ မြဝတီစစ်ဖက်ရေးရာတပ်စုရုံးသို့ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone Boomb ဖြင့် ပစ်ချတိုက်ခိုက်

သြဂုတ် ၂၄

       ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄)ရပ် ကွက်၊ မြဝတီစစ်ဖက်ရေးရာတပ်စု(စရဖ)ရုံးကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone Boomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ Drone Boomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးကိုမထိဘဲ အနောက်ဘက် ရေကန်အနီးတွင် ကျရောက်ပေါက်ကွဲ သွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှု့မရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါ Drone Boomb အား လက်နက်ငယ်ဖြင့် ၃ ချက်​ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်း Drone သည် မြဝတီမြို့၏ တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားစဥ် ပြုတ်ကျခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN