“ကမ္ဘောဒီယား ဘုရင့် တပ်မတော် ကိုယ်ရံတော် တပ်မှုးရာထူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ သူလည်းဖြစ်ပြီး ဟွန်ဆန်၏ သားအကြီးဆုံးလည်း ဖြစ်သည့် Hun Manet အား နိုင်ငံ၏ ဝန်ကြီးချုပ် အသစ်အဖြစ် ကမ္ဘောဒီယားနိုင်ငံ ပါလီမန်က ခန့်အပ်ခဲ့”

သြဂုတ် ၂၄

ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ သားဖြစ်သူ Hun Manet သည် အင်္ဂလန်နိုင်ငံ မှ စီးပွားရေးမဟာ ဘွဲ့ရရှိပြီး အမေရိကန်နိုင်ငံ စစ်သင်တန်းကျောင်း ဝက်စ်ပွိုင့် မှစစ်ပညာအထူးပြု ကျွမ်းကျင် ဘွဲ့ရရှိ ထားသူဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဟွန်ဆန် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ရာထူးကို ဆက်ခံသောအခါ အနောက် လစ်ဘရယ်စံနှုန်းများကို လက်ကိုင်ထားလိမ့်မည်လို့ သတင်းဌာနများ နှင့် အတိုက်အခံ အချို့က အနည်းငယ်မျှ မျှော်လင့် ယုံကြည်နေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိ ဟွန်ဆန် ၏ အကြီးဆုံးသားဖြစ်သူကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် နိုင်ငံတော်ပါလီမန်က ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီလည်းဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် အသစ် ဖြစ်လာသည့် Hun Manet သည် ဝန်ကြီးချုပ် ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ၃ ရက်အကြာတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် က ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အာဏာရပါတီသည် အလားအလာ ရှိသော အတိုက်အခံအားလုံးကို နှုတ်ပိတ်နိုင်ခဲ့ပြီး အနိုင်ရရန် အသေအချာ အာမခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ သြဇာကြီးမားသော သူတစ်ဦးဖြစ်သည့် အမြဲတမ်း ကော်မတီဝင်လည်း ဖြစ်သည့် ဟွန်မာနက်သည် ၂၀၁၈ ခုနှစ်ကတည်းက ကမ္ဘောဒီးယားနိုင်ငံ ဘုရင့် တပ်မတော်၏ ကိုယ်ရံတော် တပ်မှူးရာထူး အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ လည်းဖြစ်ပါတယ် လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။