နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့တွင်MPTဖုန်းလိုင်းပြတ်တောက်မူနှစ်ပတ်နီးပါးရှိလာ

ဩဂုတ် ၂၄

     ​စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်း ပြတ်တောက်နေသည်မှာ နှစ်ပတ်နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

        နန်းယွန်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်များ၏ မြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သော် လည်း MPT ဖုန်းလိုင်းတစ်ခုတည်းသာ အသုံးပြုနေရခြင်းဖြစ်ပြီး၊ အခြားဖုန်းအော်ပ ရေတာများဖြစ်သည့် Telenor, Ooredoo, Mytel စသည့်ဖုန်းလိုင်းများ ယခုအချိန်ထိ ရရှိခြင်းမရှိသေးကြောင်း သိရသည်။

        ယင်းကဲ့သို့ ဖုန်းလိုင်းတစ်ခုတည်းရှိသည့် MPT လိုင်းမှာ ပြတ်တောက်နေသည့်အတွက် ဆက်သွယ်မှုပိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

      “ဖုန်းလိုင်းက ပြတ်တာ နှစ်ပတ်လောက်ရှိပြီ ဆက်သွယ်လို့မရဘူး။ (CDMA) ဖုန်းပဲရတယ်။ အရေးကြီးရင် တောင် ဒီဘက်က ခေါ်လို့မရဘူး။ သူတို့ဘက်က ခေါ်မှ ပြောလို့ရတာ။ အခုဆို နန်းယွန်းမြို့က ဖုန်းဆက်သွယ်လို့လည်း မရ၊ လမ်းပိုင်းဆက်သွယ်မှုကလည်း မရဆိုတော့ တော်တော်လည်း ဒုက္ခရောက်ရတယ်” ဟု ၎င်းကဆိုသည်။

      အဆိုပါ MPT ဖုန်းလိုင်းဖြတ်တောက်ထား သည်မှာ နန်းယွန်းမြို့အပြင် ရှင်ဗွေယန်မြို့တွင်လည်း ဖြတ်တောက် ထားကြောင်းသိရပြီး၊ ယင်းကဲ့သို့ MPT ဖုန်းလိုင်းအား အဘယ်ကြောင့် ဖြတ်တောက်ထားသည်ကို မသိရှိ ကြောင်း ဒေသခံများထံမှ သိရသည်။

#PAN