“BRICS ဘဏ်သည် အမေရိကန် ဒေါ်လာအပေါ် မှီခိုအားထားမှုများကို လျှော့ချနိုင်ရန်အတွက် တောင်အာဖရိကနှင့် ဘရာဇီး နိုင်ငံများတွင် ၎င်းတို့နိုင်ငံ၏ငွေကြေးများဖြင့် ကုန်သွယ် မှုများပြုလုပ်နိုင်ရန် ပြင်ဆင်နေ”

သြဂုတ် ၂၃

BRICS New Development Bank (NDB) အတွင်းပါဝင်နိုင်ရန် လက်ရှိတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အဖွဲ့ဝင် အဖြစ် လျှောက်လွှာတင်ရန် စဉ်းစားနေကြောင်း နိုင်ငံစုံ ငွေချေးသူ အကြီးအကဲ Dilma Rousseff က ယမန်နေ့ (သြဂုတ် ၂၂ ရက်) တွင် ပြောကြားခဲ့ပါတယ်။

လက်ရှိ ရှန်ဟိုင်းအခြေစိုက် BRICS ဘဏ်၏ငွေချေးလုပ်ငန်းများကို ဦးဆောင်နေသည့် ဘရာဇီးသမ္မတဟောင်း Rousseff က BRICS အဖွဲ့ဝင်အသစ် ၅ဦး၏ ဝင်ခွင့်ကို လက်ခံပြီး အတည် ပြုနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သော်လည်း ပါဝင်မည့် နိုင်ငံများကို ထုတ်ပြန်ရန် ငြင်းဆိုခဲ့ပါတယ်။

ထို့နောက် သူမ၏အဆိုအရ NDB ဘဏ်သည် ၎င်းတို့ ၏ထိပ်တန်း ဦးစားပေးမဟာဗျူဟာ များထဲမှ တစ်ခုဖြစ်သည့် “ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကနေ ၁၀ ဘီလီယံကြား ထုတ်ချေးပေး သွားဖို့မျှော်လင့်ထားပါတယ်” လို့ ၎င်းက ပြောဆိုထားပြီး NDBဘဏ် ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းငွေကြေးဖြင့် ချေးပေးသည့် အရာအားလုံး၏ ၃၀ရာခိုင်နှုန်း ခန့်ထိ ရောက်ရှိရန်မျှောမှန်းထားတာလည်းဖြစ်ပါတယ်။

BRICS ဘဏ်သည် ၂၀၂၁ ခုနှစ်တွင် USD နှင့် Euros ဖြင့်ဖွဲ့စည်း တည်ဆောက် ပုံချေးငွေများကိုရပ်ဆိုင်းခဲ့ပြီးနောက် NDBဘဏ် သည် တောင်အာဖရိကတွင် ချေးငှားရန်အတွက် “ငွေကြေးလဲလှယ်ခြင်း သို့မဟုတ် အကြွေးထုတ်ပေးခြင်းကို ရူပီး ငွေဖြင့် လည်းကောင်း ကြိုးပမ်းသွားမှာလည်းဖြစ်တယ်” လို့ ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သော BRICS အဖွဲ့သည် ၎င်းတို့အဖွဲ့အစည်း၏ အခြေခံ မဟာဗျူဟာများ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များအတွက် ရန်ပုံငွေပံ့ပိုးပေးရန် ရည်ရွယ်ပြီး NDB ဘဏ်ကို ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

ထို့နောက် ဘဏ်ကို ၂၀၁၅ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီဂျစ်နှင့် ဥရုဂွေးတို့သည် ယခုအခါ NBD ဘဏ်၏ ရှယ်ယာရှင်များ ဖြစ်လာကြပါပြီလို့လည်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။