ဖာပွန်မြို့၊ မြို့မရဲစခန်းကို အကြမ်းဖက်သောင်း ကျန်းသူ KNU အင်အား ၁၀၀ ခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်

ဩဂုတ် ၂၃

      ယနေ့ နံနက် ၅ နာရီအချိန်ခန့် ကရင်ပြည် နယ်၊ ဖာပွန်မြို့၊ မြို့မရဲစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KNU ခေါင်းဆောင်စီစစ်ဆဲ အင်အား ၁၀၀ ခန့်က အနောင်ဖက်ကမ်းနှင့်ရပ် ကွက်(၄)ဖက်မှ လက်နက်ငယ်များနှင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ခရိုင်ရဲမှူးရုံး မော်တာကုန်းပေါ်သို့ တက်ရောက်ကာ နေရာယူပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KNU များ သည် နာရီဝက်ခန့် ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာ သွားကြောင်း၊ ၎င်းတို့ဖက်မှ ၂၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားပြီး ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးထံမှ သိရပါသည်။

#PAN