“ထိုင်ဝမ်နိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်းရှိ ခံစစ်စွမ်းရည်များကို မြှင့်တင်နိုင်ရန်အတွက် အမေရိကန်နိုင်ငံထုတ် ပင်မတိုက်ပွဲဝင် တင့်ကား ၁၀၈စီးထိ ဝယ်ယူသွားရန် ထိုင်ဝမ် အစိုးရက အတည်ပြုခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ထိုင်ဝမ် နိုင်ငံအား လက်နက် သိုလှောင်ရုံ ကြီးအဖြစ်သို့ ပြောင်းလဲပေးနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံက စွပ်စွဲပြောဆိုခဲ့”

သြဂုတ် ၂၃

ထိုင်ဝမ်နိုင်ငံ သည် ၎င်းတို့ နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာပံ့ပိုးမှုများအတွက် အမေရိကန်နိုင်ငံ ထံမှ ပထမဆုံးအသုတ်အဖြစ် M1A2T Abrams တိုက်ပွဲဝင် တင့်ကားများကို လာမည့် ၂၀၂၄ ခုနှစ်တွင် လက်ခံရရှိသွားမည်ဖြစ်ပါတယ်။

အဆ်ိုပါ နိုင်ငံကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ပို့မှုများ၏ ပထမအသုတ် ပင်မတိုက်ပွဲဝင်တင့်ကား ၃၈ စီးကို ၂၀၂၄ ခုနှစ်တွင် ပေးပို့သွားမည်ဖြစ်ပြီးလာမည့် ၂၀၂၅ခုနှစ် တွင် ၄၂ စီးနှင့် ၂၀၂၆ခုနှစ်တွင် နောက်ထပ် ၂၈စီးထိ ပေးပို့ သွားမှာလည်းဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ မှ အဆိုပါ ပင်မတိုက်ပွဲဝင် တင့်ကား မောင်းနှင်းရေး စစ်မှုထမ်းအဖွဲ့တစ်ဖွဲ့သည် သင်တန်းပို့ချရန် အမေရိကန်တွင် လေ့ကျင့်မှုခံယူသွားမည်လည်းဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ၏ အမေရိကန်နိုင်ငံထုတ် ပင်မတိုက်ပွဲဝင် Abrams တင့်ကားများဝယ်ယူခြင်းသည် ထိုင်ဝမ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းရှိ ၎င်းတို့၏ ခံစစ်စွမ်းရည်ကို မြှင့်တင်ရန်နှင့် ထိုင်ဝမ် ကျွန်း၏ကာကွယ်ရေးများကို အားကောင်းစေရန် ထိုင်ဝမ်နိုင်ငံ ၏ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်လာပါတယ်။

အမေရိကန် နှင့် ထိုင်ဝမ် နိုင်ငံတို့ သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၂၀၀ ဖြင့် တင့်ကား ၁၀၈ စီး ရောင်းချရန် အတည်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။

အမေရိကန်က ထိုင်ဝမ်အား ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ဘက် ဆိုင်ရာအကူအညီများ ပံ့ပိုးပေးခြင်းများသည် ထိုင်ဝမ်နိုင်ငံ အား “လက်နက်သိုလှောင်ရုံ” အဖြစ် ပြောင်းလဲပေးနေခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲထားပါတယ်။

သို့သော်လည်း ဝါရှင်တန်(အမေရိကန်) နှင့် ထိုင်ဝမ် ခွဲထွက်ရေး အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ထိုင်ဝမ် ကျွန်းနှင့် ပေါင်းစည်းလိုသော ပေကျင်း(တရုတ်)၏ ဆန္ဒကို ဟန့်တားမည်မဟုတ်ကြောင်း လည်း အာရှကုမ္ပဏီကြီး asian giant က ပြောကြားထားပါသေးတယ်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်က ထိုင်ဝမ် အစိုးရဘတ်ဂျက် ရှင်းလင်းပွဲတစ်ခုအတွင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က လာမည့်နှစ်တွင် အမေရိကန်နိုင်ငံထုတ် Abrams ပင်မတိုက်ပွဲဝင် တင့်ကားများကို ရောင်းချမှုကို ၎င်းတ်ု့ နိုင်ငံအနေဖြင့် ရရှိတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ် နိုင်ငံ ၏ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တင့်ကားများ ပေးပို့မည့် အချိန်ဇယားကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အထက်ပါ အစီအစဥ်များသည် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ (ခန့်မှန်းခြေအားဖြင့် ထိုင်ဝမ်ဒေါ်လာ ၇၀.၃ ဘီလီယံ) တန်ဘိုးရှိသော ပင်မတိုက်ပွဲဝင် Abrams တင့်ကား ၁၀၈ စီးကို ၂၀၁၉ ခုနှစ်တွင် ရောင်းချရန် အမေရိကန်၏ ခွင့်ပြုချက်နှင့် ကိုက်ညီသဘောတူထားတာလည်းဖြစ်ပါတယ်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် တင့်ကားလေ့ကျင့်မှုနှင့် ပြုပြင် ထိန်းသိမ်း မှုပြုလုပ်နိုင်ရန် ထိုင်ဝမ် တပ်မတော် အရာရှိများကို ရွေးချယ်ထားကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်လို့ သတင်းဌာန များက ဖော်ပြပြောဆိုထားကြပါတယ်။