ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပွင့်ဖြူ မြို့ နယ်တွင် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ

သြဂုတ် ၂၃

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း ၆ ကျောင်းကို ဩဂုတ် ၁၈ ရက်မှစတင်ကာ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

           အဆိုပါ ကျောင်းများမှာ သံကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သိမ်ကုန်းကျေး ရွာ အခြေခံပညာမူလတန်းကျောင်း၊ ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကူကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ကြကြောင်း သိရသည်။

          ယင်းကျောင်းများကို မြစ်ရေပြန်လည်ကျဆင်း သည်အထိ ယာယီပိတ်ထားရမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်မှသာ ပြန်လည်ဖွင့်လှစ် သင် ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းပြန် လည်ဖွင့်ချိန်တွင် စာသင်ရက်များကို အစားထိုး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN