ငါန်းဇွန်မြို့နယ်၊ရဲပဒိုင်းကျေးရွာနေ စက်လှေကူး တို့ပို့ လုပ်ငန်းလုပ်ကိုင်သူအား ဒလန်ဟု ခေါင်းစဉ်တပ်ကာ အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၂၃

       ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ကျေးရွာအုပ်စု၊ ရဲပဒိုင်းကျေးရွာနေဒေါ်မြင့်မြင့်ဌေး၊၅၇နှစ်(ဘ)ဦးသန်းအောင်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF  ၃ ဦး ရောက်ရှိလာပြီး နေအိမ်မှခေါ်ဆောင်သွားကာ ရွာ၏အနောက်ဘက်တောစပ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ ဒေါ်မြင့်မြင့်ဌေးမှာ  ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

      သေဆုံးသူ ဒေါ်မြင့်မြင့်ဌေး သည် သာမန်ပြည်သူ တစ်ဦးသာဖြစ်ပြီး ၄င်း၏မိသားစုမှာ ရဲပဒိုင်းကျေးရွာနှင့် မြင်းမူကို စက်လှေကူးတို့ပို့ လုပ်ငန်း လုပ်ကိုင်နေသူများသာဖြစ်ကြောင်း သိရသည်။

       ယင်းကဲ့သို့ သတ်ဖြတ်ခံရမှု့နှင့် ပါတ်သက်၍ စုံစမ်းသိရှိရသည်မှာ ဒေါ်မြင့်မြင့်ဌေးသည် “လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၄င်းတို့ပိုင်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့မှုကြောင့် ဒလန်ဟူသောခေါင်းစဉ်ဖြင့် သတ် ဖြတ်သွားခြင်းဖြစ်ကြောင်း၊ သူတို့မိသားစုက စက်လှေပို့တဲ့အလုပ်ကို လုပ်နေကြတာ ဘယ်သူပဲလာလာ ပို့ပေးရမှာပဲဖြစ် ကြောင်း၊ အခုလို သာမန်ပြည်သူကို ဒလန်ခေါင်းစဉ်တပ်ပြီးသတ်ဖြတ်နေတာဟာ ရွံရှာမုန်းတီးစရာ အလွန်းကောင်းကြောင်း ” ဒေသခံများမှ ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။

#PAN